ပြည် မတ် ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို မြို့နယ်အားကစားကွင်း၌ အခြေခံပညာကျောင်းသား ကျောင်းသူများအား မတ် ၂၄ ရက်မှ ဧပြီ ၉ ရက်အထိ နွေရာသီ အခြေခံဘောလုံးအားကစားသင်တန်း ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
အဆိုပါ သင်တန်းသို့ ပြည်မြို့နယ်မှ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၅၀ ကျော် တက်ရောက်လျက်ရှိပြီး နေ့စဉ် နံနက် ၇ နာရီမှ ၉ နာရီထိ အခြေခံဘောလုံးအားကစားနည်း ပညာရပ်များကို လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း နည်းပြဆရာ ဦးဇော်မိုးက ပြောပြသည်။
ကိုစိုး(ပြန်/ဆက်)


