မတ် ၂၉
မလေးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူ ၁၃၃၃၆ ဦး ထပ်မံတွေ့ရှိခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါကူးစက်ခံရသူပေါင်း ၄၁၅၂၂၀၃ ဦးအထိ ရှိလာကြောင်း ထိုကျန်းမာရေးဝန်ကြီးဌာနပြောကြားချက်အရ သိရသည်။
အဆိုပါထပ်မံကူးစက်ခံရသူများအနက် ပြည်တွင်းကူးစက်ဖြစ်ပွားသူ ၁၃၁၄၇ ဦး ရှိပြီး ပြည်ပကူးစက်မှု ၁၈၉ ဦး တွေ့ရှိခဲ့သည်ဟု ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် ၅၄ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၄၈၄၂ ဦးရှိသည်။
ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းလာသူပေါင်း ၃၈၉၆၄၈၉ ဦးရှိသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါကာကွယ်ဆေးပထမအကြိမ်ထိုးနှံမှုခံယူပြီးသူ ၈၄ ဒသမ ၂ ရာခိုင်နှုန်း၊ ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူ ၇၉ ရာခိုင်နှုန်းနှင့် ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူပြီးသူ ၄၈ ရာခိုင်နှုနးရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို