မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး
သဘောထားထုတ်ပြန်ချက်
၁၃၈၃ ခုနှစ် တပေါင်းလပြည့်ကျော် (၁၃) ရက်
၂၀၂၂ ခုနှစ် မတ်လ(၂၉) ရက်
မတ်လ ၂၉ ရက် ညနေပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့အနီးတွင် မြန်မာနိုင်ငံအတွင်း ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ရုပ်သံအစီအစဉ်ရိုက်ကူးပြီး ပြန်လည်ထွက်ခွာ လာသည့် အနုပညာရှင်များ စီးနင်းလိုက်ပါလာသော မီးရထားအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါသည်။
အနုပညာရှင်များအား ယခုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်ခြင်းကို မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးအနေဖြင့် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချပါကြောင်း ထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး


