မတ် ၃၀

 

ဇင်ဘာဘွေနိုင်ငံအစိုးရက နေရပ်သို့ပြန်လာသူများနှင့် ခရီးသွားများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးပါက ကိုဗစ်ရောဂါကင်းစင်ကြောင်း ပီစီအာစစ်ဆေးမှုလက်မှတ်ပြသရန် မလိုအပ်တော့ဟုဆိုကာ ယမန်နေ့ကပြောကြားသည်။

 

ပြန်ကြားရေးဝန်ကြီး မိုနီကာမတ်ဗန်ဝါက ကိုဗစ်ကာကွယ်ဆေးအပြည့်အဝ မထိုးနှံရသေးသော ခရီးသွားများနှင့် နေရပ်ပြန်လာသူများအနေဖြင့် ကိုဗစ်ရောဂါ ကင်းစင်ကြောင်း ပီစီအာစစ်ဆေးမှု လက်မှတ်ပြသရန် လိုအပ်ကြောင်း အစိုးရအဖွဲ့အစည်းအဝေးပွဲပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 

နိုင်ငံအတွင်းသို့ ဝင်ရောက်လာသူမည်သူမဆို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတည်ပြုထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကိုထိုးနှံပြီးကြောင်း လက်မှတ်ပြသနိုင်ရမည်ဟု ၎င်းကဆိုသည်။

 

ဇင်ဘာဘွေနိုင်ငံတွင် ပြီးခဲ့သည့်လအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ သိသိသာသာလျော့နည်းလာသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို