ပူတာအို မတ် ၃၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်း ဦးစီးဌာန၏၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လပတ် ပြည်နယ်မီနီဘတ်ဂျက် ခွင့်ပြုရန်ပုံငွေဖြင့် ဒေသခံ ပြည်သူများ ကိုယ်ပိုင်တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်စေခြင်းဖြင့် မိသားစုဝင်ငွေ တိုးပွားစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် ဖွင့်လှစ်ခဲ့သည့် လူသုံးကုန် ထုတ်လုပ်မှု နည်းပညာ သင်တန်း(၁/၂၀၂၂) ဆင်းပွဲကို မတ် ၂၉ ရက်က ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်ရှိ ဧမာနွေလ အေဂျီ ဘုရားကျောင်းဝင်း ဆန်းဒေးစကူးလ်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဆွေလှိုင်ဦးက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး ပြည်နယ်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန သင်တန်းနည်းပြ ဒေါ်ခင်ဇာခြည်သန့်က သင်တန်းသူများအား လူသုံးကုန်ပစ္စည်းများ ပေးအပ် သည်။
အဆိုပါသင်တန်းကို ပြည်နယ်ဦးစီးမှူး ဦးအောင်မောင်းနှင့် ခရိုင်ဦးစီးမှူး ဦးဆွေလှိုင်ဦးတို့၏ အနီးကပ် ကြီးကြပ်မှုဖြင့် ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲနှင့် လက်သန့်ဆေးရည် ပြုလုပ်နည်း ၁၀ မျိုးကို သင်တန်းကာလ ငါးရက်ကြာအဖြစ် သင်တန်းသူ ၂၀ တို့အား စာတွေ့လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)


