မတ် ၃၀ 

 

ပြင်သစ်နိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၂၁၇၄၈၀ ထပ်မံတွေ့ရှိခဲ့ရာ ကိုဗစ်-၁၉ ဆိုင်ရာကန့်သတ်ချက်အများစုကို မတ်လ ၁၄ ရက်ကရုပ်သိမ်းပြီးနောက်တွင်  ရောဂါကူးစက်မှု အများဆုံးနေ့ဖြစ်သည်ဟု ဖော်ပြထားသည်။

 

လတ်တလောတွင် ကိုဗစ်ကူးစက်ခံရမှုကြောင့် ဆေးရုံတက်ရောက်ကုသမှုခံယူနေသူဦးရေ ၂၁၃၀၀ ရှိပြီး ၁၅၃၈ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေကြောင်း ပြည်သူ့ကျန်းမာရေးအေဂျင်စီ၏ ပြောကြားချက်အရ သိရသည်။

 

ပြင်သစ်သမ္မတရွေးကောက်ပွဲနီးကပ်သာသည်နှင့်အမျှ အစိုးရက  ဧပြီ ၁၀ ရက် မဲပေးပွဲတွင် အသက်အရွယ်ကြီး သူများနှင့်ရောဂါအခံရှိသူများအနေဖြင့် ပါးစပ်၊ နှာခေါင်းစည်းများတပ်ဆင်ကြရန် တိုက်တွန်းပြောကြားဖွယ် ရှိသည်ဟု ဒေသမီဒီယာက ယမန်နေ့က ဖော်ပြထားသည်။

 

မဲရုံများအားလုံးတွင် အခမဲ့ ပါးစပ်၊ နှာခေါင်းစည်းများ ထားရှိမည်ဖြစ်ရာ မဲပေးသူအနေဖြင့် နှာခေါင်းစည်းတပ်ဆင်မည်၊ မတပ်ဆင်မည်ကို ရွေးချယ်ပြုလုပ်နိုင်မည် ဖြစ်သည်။

 

နိုင်ငံလူဦးရေ၏ ၈၀ ဒသမ ၈ ရာခိုင်နှုန်းသည် ကိုဗစ်ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံမှုခံယူပြီးဖြစ်ကြောင်းနှင့် ကိုဗစ်ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူ ၇၉ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို