နေပြည်တော် မတ် ၃၀
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများသည် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိရာ မတ် ၃၀ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ တောကျောင်းပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်ရှိ မဟာပညာ့ဗိမာန် စာသင်တိုက်သို့ လည်းကောင်း၊ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ ရတနာမွန်ပရိယတ္တိစာသင်တိုက်နှင့် မောင်တောမြို့နယ်ရှိ မြို့မကျောင်းတိုက်သို့ လည်းကောင်း၊ ရှမ်းပြည်နယ် လင်းခေးမြို့နယ်ရှိ မဟာဝိဟာရစာသင်တိုက်သို့ လည်းကောင်း တာဝန်ရှိသူများက သွားရောက်၍ ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


