နေပြည်တော်      မတ်       ၃၀

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ မတ်လအထိ ခြောက်လ ဘဏ္ဍာနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ်  ၂၈၅ ဒသမ ၈၄၁ သန်းဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ ဇာဒက်ကြီးကျွန်းပတ်လမ်း ၆၆/၀ မိုင် အနက် /၀ မိုင် ကျောက်ခင်းခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိးမှုကြီးကြပ်ရေးရုံးမှ သိရသည်။

 

အဆိုပါ ကျွန်းပတ်လမ်းပိုင်းအား ဘဏ္ဍာနှစ်အလိုက် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ဇာဒက်ကြီးကျွန်းတွင် နေထိုင်လျက်ရှိသော အိမ်ခြေ ၁၈၇ အိမ်၊ လူဦးရေ ၇၅၄ ဦး အတွက် များစွာ အကျိုးပြုသည့် လမ်းပိုင်းဖြစ်သည်။

 

သတင်းစဉ်