ပုသိမ် မတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီ အားကစားသင်တန်းများကို ပုသိမ်မြို့နယ် ကိုးသိန်းအားကစားကွင်းတွင် သင်ကြားပေးလျက် ရှိသည်။
သင်တန်းတွင် ဘောလုံး၊ ခြင်းလုံး၊ ကြက်တောင်ရိုက်၊ အေရိုးဗစ် စသည့် အားကစားနည်း ၁၁ မျိုးကို ကျွမ်းကျင်နည်းပြများဖြင့် မတ်၂၅ ရက်မှ ဧပြီ ၈ ရက်အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
ပုသိမ်(ပြန်/ဆက်)


