ဘားအံ မတ် ၃၁

 

၂၀၂၂ ခုနှစ် မတ် ၃၁ ရက် နံနက် ၉ နာရီမှစ၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲများကို စာဖြေဌာနအသီးသီး၌ ကျင်းပလျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၄) အခြေခံပညာ အထက်တန်ကျောင်း စာဖြေဌာန၌ ကျောင်းသား၊ ကျောင်းသူ ၁၄၀၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းစာဖြေဌာန၌ ကျောင်းသား၊ ကျောင်းသူ ၂၇၅ ဦး၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းစာဖြေဌာန၌ ကျောင်းသား၊ ကျောင်းသူ ၄၅၆ ဦးတို့၏ မြန်မာစာဘာသာဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေးပြီး  ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

ကရင်ပြည်နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုရန်စာရင်းပေးထားသူ ၅၉၁၈ ဦး ရှိသည့်အနက် ၅၃၆၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ရာခိုင်နှုန်းအားဖြင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၉၀ ဒသမ ၇၁ ရာခိုင်နှုန်းရှိကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)