နေပြည်တော် မတ် ၃၁
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ မဟာဝိဇ္ဇာသိပ္ပံ ကျောင်းတိုက်သို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ မဟာဝိသုတာရာမ ကျောင်းကြီးကျောင်းတိုက်သို့လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ရှိ ရာဇမုနိ ဘုန်းကြီးကျောင်းသို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ သစ္စဝေဒဂူ ကျောင်းတိုက်သို့လည်းကောင်း၊ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ မင်းကျောင်း ကျောင်းတိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


