ပေါက်တော ဧပြီ ၁
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်ရှိ စာစစ်ဌာန ခုနစ်ခုတွင် အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုခဲ့သည်။ ပေါက်တောမြို့နယ်ရှိ အထက-ပေါက်တော၊ အထက-မြို့မ၊ အထက-သဝင်ချောင်း၊ အထက-မြင့်ဂါ၊ အထက-လက်ပံပြား၊ အထက-ကျောက်တောင်နှင့် အထက-ဆင်တက်မော် စာစစ်ဌာနများတွင် အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုသူ စုစုပေါင်း ကျောင်းသား ကျောင်းသူ ၂၀၄၄ ဦးရှိပြီး ပျက်ကွက်သူ ၁၃၄ ဦးရှိရာ ဖြေဆိုသူ ရာခိုင်နှုန်းအားဖြင့် ၉၃ ဒသမ ၈၅ ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)


