ဘိုကလေး ဧပြီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်အား ဧပြီ ၁ ရက်တွင် အေးချမ်းစွာ ဖြေဆိုခဲ့ကြသည်။ ဘိုကလေးမြို့နယ်ရှိ စာစစ်ဌာန ၁၀ ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းတွင်းဖြေ ၁၁၄၂ ဦးနှင့် ကျောင်းပြင်ပဖြေ ၆၉၂ ဦး စုစုပေါင်း ၁၈၃၄ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မိုးစက်(ဘိုကလေး)


