ဂွ     ဧပြီ    ၁

 

ဂွမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာ ဘာသာရပ်အား ဧပြီ ၁ ရက် နံနက် ၉ နာရီက ကျောင်းသား ကျောင်းသူများ ဖြေဆိုခဲ့သည်။

 

ဂွမြို့နယ်ရှိ အထက(ဂွ)၊ အထက(ဆပ်သွား)နှင့် အထက(ကျိန္တလီ) စာစစ်ဌာန သုံးခုတွင် အင်္ဂလိပ်စာ ဘာသာရပ် ဖြေဆိုသူ ကျောင်းသား ကျောင်းသူ ၆၉၀ ရှိပြီး ပျက်ကွက်သူ ကျောင်းသား ကျောင်းသူ ၈၀ ရှိကာ ဖြေဆိုရာခိုင်နှုန်း ၈၉ ဒသမ ၆၁ ရှိကြောင်း မြို့နယ်ပညာမှူးရုံးမှ သိရသည်။

 

ရွှေရည်ဝင်းကျော်