ကျိုင်းတုံ ဧပြီ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်များတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ဧပြီ ၁ ရက်က ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုခဲ့သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို စာစစ်ဌာန ၁၇ ခု ဖွင့်လှစ်ဖွင့်လှစ်ထားရှိပြီး စာမေးပွဲ ဒုတိယနေ့၌ အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ ၂၄၃၉ ဦး အေးချမ်းစွာ ဖြေဆိုခဲ့ကာ ဖြေဆိုသည့်ရာခိုင်နှုန်း ၈၉ ဒသမ ၈၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)


