ဧပြီ ၁

 

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခ့ရသူ ၁၃၃၅ ဦး တွေ့ရှိခဲ့ပြီးနောက် ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၄၃၀၂၅၇၇၅ ဦးအထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၅၂ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၅၂၁၁၈၁ ဦး ရှိလာသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားဆဲလူနာ ၁၃၆၇၂ ဦးရှိသည်။ နိုင်ငံအတွင်း ရောဂါကူးစက်ခံရသူအရေအတွက် ကျဆင်းလာသည်မှာ ရက်ပေါင်း ၆၆ ရက် ဆက်တိုက်ရှိလာပြီ ဖြစ်သည်။

 

လွန်ခဲ့သော ၂၄ နာရီအတွင်း ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၁၉၁၈ ဦးရှိပြီး ဆေးကုသမှုခံယူပြီးနောက် ပြန်လည်ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းလာသူပေါင်း ၄၂၄၉၀၉၂၂ ဦးအထိ ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို