ဧပြီ ၁
ဩစတြေးလျနိုင်ငံတွင် ဧပြီလလယ်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများမြင့်မားလာဖွယ်ရှိသည်ဟု ပြည်သူ့ကျန်းမာရေးအဖွဲ့က သတိပေးပြောကြားသည်။
ဆောင်းရာသီတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများမြင့်မားလာနိုင်သဖြင့် အရန်အသင့်ရှိရန် ဩစတြေးလျကျန်းမာရေးဆိုင်ရာ ကာကွယ်ရေးကော်မတီက ယမန်နေ့ညက ထုတ်ပြန်ထားသည်။
မတ်လ ၁၁ နှင့် ၂၂ ရက်အတွင်း ကိုဗစ်ရောဂါကူးစက်မှု ၇၆ ရာခိုင်နှုန်းကျော်မြင့်တက်လာပြီး ဆေးရုံတက်ရောက်ကုသမှု ၂၅ ရာခိုင်နှုန်းမြင့်မားလာကြောင်း နိုင်ငံအတွင်းရှိကိုဗစ်ကူးစက်မှုအရေအတွက် နေ့စဉ်ထုတ်ပြန်ချက်အရ သိရသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၀၀၀၀ ကျော်ထပ်မံတွေ့ရှိခဲ့ပြီး ထိုရောဂါကူးစက်ခံရမှုကြောင့် ၁၆ ဦး သေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၆၀၀၀ ကျော်အထိရှိလာသည်။
အိုမီခရွန် ဘီအေ-၂ မျိုးကွဲများကူးစက်လာခြင်းကြောင် ကူးစက်မှုပိုမိုများပြားလာသည်ဟု ယူဆရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို