ချောင်းဆုံ ဧပြီ ၂
ချောင်းဆုံမြို့နယ်တွင် ၂၀၂၁−၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဒုတိယနေ့ သင်္ချာဘာသာရပ်ကို ဧပြီ ၂ ရက် နံနက်ပိုင်းက အထက(ချောင်းဆုံ) စာစစ်ဌာန၊ အထက(ရွာလွတ်) စာစစ်ဌာန၊ အထက(မုရစ်ကလေး) စာစစ်ဌာန၊ အထက(မုဒွန်း) စာစစ်ဌာနနှင့် အထက(သက္ကော) စာစစ်ဌာန စုစုပေါင်း စာစစ်ဌာန ငါးခုတို့တွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုပြီးစီးခဲ့သည်။
ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုရာတွင် အန္တရာယ်ကင်းရှင်းစေရန်နှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးရန်အတွက် စာစစ်ဌာနများအား ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများများက ကူညီဆောင်ရွက်ပေးခဲ့ပြီး ကျောင်းတွင်း ဖြေဆိုသူ ၇၂၂ ဦး နှင့် ပြင်ပဖြေဆိုသူ ၁၁၉ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၈၄၁ ဦး ဖြေဆိုခဲ့ကြကာ ရာခိုင်နှုန်းအားဖြင့် ၉၂ ဒသမ ၄၂ ရှိကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)


