လှိုင်းဘွဲ     ဧပြီ    

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် အထကတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသား ကျောင်းသူများအတွက် စာရေးကိရိယာများအား အလွယ်တကူ အသုံးပြုနိုင်ရန် အခမဲ့ဖြန့်ဝေပေးခြင်းကို ဧပြီ ၂ ရက် နံနက်ပိုင်းက အဆိုပါ အထက ကျောင်းရှေ့၌ ဆောင်ရွက်ခဲ့သည်။

 

အခမဲ့ဖြန့်ဝေပေးရာတွင် လှိုင်းဘွဲမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှ တက္ကသိုလ် စာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသား ကျောင်းသူများအတွက် လိုအပ်သည့် ဘောပင်၊ ခဲတံ၊ ခဲဖျက်၊ ပေတံ၊ ခဲတံချွန်ဓားတို့ကို အလွယ်တကူ ရယူအသုံးပြုနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ထီလုံကျေးရွာ အထကကျောင်း စာစစ်ဌာန၌လည်း ကျောင်းသား ကျောင်းသူများအတွက် ယခုလို စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး တက္ကသိုလ်စာမေးပွဲ ဖြေဆိုပြီးသည့်‌ နေ့ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  လှိုင်းဘွဲမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ဦးလင်းခိုင်ထံမှ သိရှိရသည်။

စောဒိ(ပြန်/ဆက်)