ဧပြီ ၄

 

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၂၇၁၉၀ ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၁၄၀၀၁၄၀၆ ဦးရှိလာကြောင်း ကျန်းမာရေး တာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။

 

ဖေဖော်ဝါရီ ၂၂ ရက်မှစတင်ကာ ၄၁ ရက်အတွင်း ကူးစက်ခံရသူဦးရေ အနည်းဆုံးဖြစ်လာပြီး ပြီးခဲ့သည့်ရက်က ရောဂါကူးစက်မှုအရေအတွက် ၂၃၄၃၀၁ ဦးမှလျော့ကျလာခဲ့သည်။

 

ထပ်မံရောဂါကူးစက်ဖြစ်ပွားသူများအနက် ဆိုးလ်ဒေသတွင် ၂၀၈၉၄ ဦး၊ ဂျောင်ဂီပြည်နယ်တွင် ၃၆၉၃၇ ဦးနှင့် အင်ချွန်ဆိပ်ကမ်းမြို့တွင် ၅၅၄၅ ဦး အသီးသီးတွေ့ရှိခဲ့သည်။

 

ပြည်ပမှပြန်ရောက်လာသူများတွင် ကိုဗစ်ရောဂါကူးစက်ခံရသူပေါင်း ၃၁၂၁၄ ဦးရှိသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ၂၁၈ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၁၇၄၅၃ ဦး ရှိလာသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုနှစ်ကြိမ်ခံယူပြီးသူ ၄၄၄၉၈၆၇၅ ဦးရှိပြီး ကိုဗစ်ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူပြီးသူ ၃၂၈၀၆၁၁၃ ဦးရှိသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို