ဖြူး  ဧပြီ  ၅

၂၀၂၂ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ရူပဗေဒဘာသာရပ်ကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ  စာစစ်ဌာန ငါးခုတွင် ဧပြီ ၅ ရက် နံနက်ပိုင်းက ဖြေဆိုခဲ့သည်။

ဖြူးမြို့နယ်ရှိ စာစစ်ဌာန ငါးခုဖြစ်သည့် ဖြူးအထက(၁)တွင် ကျောင်းသား ၂၇၁ ဦး၊ ကျောင်းသူ ၃၂၄ ဦး၊  ဇေယျဝတီအထက(၂)တွင်  ကျောင်းသား  ၁၄၅ ဦး ကျောင်းသူ ၁၈၇ ဦး၊ ကညွတ်ကွင်းအထက(၁)တွင် ကျောင်းသား ၄၇ ဦး ကျောင်းသူ ၁၁၁ ဦး၊ ညောင်ပင်သာ အထကတွင် ကျောင်းသား ၅၂ ဦး ကျောင်းသူ ၈၁ ဦး၊ ဝဲကြီးအထကတွင် ကျောင်းသား ၄၁ ဦး ကျောင်းသူ ၈၂ ဦး စုစုပေါင်း ၁၃၄၁ ဦး ဖြေဆိုခဲ့ကြပြီး ပျက်ကွက် ၁၃၀ ရှိကာ ဖြေဆိုမှု ရာခိုင်နှုန်း ၈ ဒသမ ၈၄ ရှိကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှသိရသည်။

နေမျိုးလွင်(ပြန်/ဆက်)