သဲကုန်း ဧပြီ  ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ဧပြီ ၅ ရက် နံနက်ပိုင်းက ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို မြို့နယ်ရှိ စာစစ်ဌာန ငါးခုတို့၌ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၁၀၂ ဦး အေးချမ်းစွာ လာရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သဲကုန်းမြို့နယ်ရှိ အထက(သဲကုန်း) စာစစ်ဌာနတွင် ဖြေဆိုရန် စာရင်းပေးသွင်းသူ ပေါင်း ၃၁၆ ဦးရှိသည့်အနက် ၂၈၃ ဦး လာရောက်ဖြေဆိုကြပြီး အထက(ပုတီးကုန်း)စာစစ်ဌာန၌ စာရင်းပေးသွင်းသူ ၃၁၁ ဦးရှိသည့်အနက် လာရောက်ဖြေဆိုသူ ၂၆၈ ဦး၊ အထက(အင်းမ) စာစစ်ဌာန၌ စာရင်းပေးသွင်းသူ ၂၂၇ ဦးရှိသည့်အနက် လာရောက်ဖြေဆိုသူ ၂၀၄ ဦး၊ အထက အင်းမ (တပ်နယ်) စာစစ်ဌာန၌ စာရင်းပေးသွင်းသူ ၈၃ ဦးရှိသည့်အနက် လာရောက်ဖြေဆိုသူ ၈၂ ဦး၊ အထက(ဆင်မြီးဆွဲ) စာစစ်ဌာန၌ စာရင်းပေးသွင်းသူ ၁၆၅ ဦး ရှိသည့်အနက် လာရောက်ဖြေဆိုသူ ၁၅၁ ဦး ရှိပြီး သဲကုန်းမြို့နယ်တွင် ဖြေဆိုရန်စာရင်းသွင်းထားသူ ပေါင်း ၁၁၀၂ ဦးရှိသည့်အနက် လာရောက်ဖြေဆိုသူ ၉၈၈ ဦး၊ ပျက်ကွက်သူ ၁၁၄ ဦးရှိပြီး ဖြေဆိုသူ ၈၉ ဒသမ ၆၆ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ 

မြို့နယ်(ပြန်/ဆက်)