ကျောက်ဖြူ     ဧပြီ     ၅

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်ရှိ စာစစ်ဌာန ၃၅ ခု၌ ကျောင်းသား ကျောင်းသူ ၅၄၉၉ ဦး အေးချမ်းစွာ ဖြေဆိုခဲ့သည်။

ကျောက်ဖြူခရိုင်၌ စာစစ်ဌာန ၃၅ ခုရှိသည့်အနက် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို ကျောက်ဖြူမြို့နယ်ရှိ စာစစ်ဌာန ၁၂ ခုတွင် ဖြေဆိုမည့်စာရင်းရှိ ကျောင်းသား ကျောင်းသူ ၂၆၉၇ ဦး၊ ဖြေဆိုသည့် ကျောင်းသား ကျောင်းသူ ၂၄၇၆ ဦး၊ ပျက်ကွက် ၂၁ ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း ၉၁ ဒသမ ၈၁၊ ရမ်းဗြဲမြို့နယ်ရှိ စာစစ်ဌာန ၁၀ ခုတွင် ဖြေဆိုမည့်စာရင်းရှိ ကျောင်းသား ကျောင်းသူ ၁၂၅၈ ဦး၊ ဖြေဆိုသည့် ကျောင်းသား ကျောင်းသူ ၁၁၆၈ ဦး၊ ပျက်ကွက် ၉၀၊ ဖြေဆိုမှုရာခိုင်နှုန်း ၉၂ ဒသမ ၈၅၊  မာန်အောင်မြို့နယ်ရှိ စာစစ်ဌာန ငါးခုတွင် ဖြေဆိုမည့်စာရင်းရှိ ကျောင်းသား ကျောင်းသူ ၆၇၀၊ ဖြေဆိုသည့် ကျောင်းသား ကျောင်းသူ ၆၂၀၊ ပျက်ကွက် ၅၀၊ ဖြေဆိုမှုရာခိုင်နှုန်း ၉၂ ဒသမ ၅၄၊ အမ်းမြို့နယ်ရှိ စာစစ်ဌာန ရှစ်ခုတွင် ဖြေဆိုမည့်စာရင်းရှိ ကျောင်းသား ကျောင်းသူ ၁၃၅၂ ဦး၊ ဖြေဆိုသည့် ကျောင်းသား ကျောင်းသူ ၁၂၃၅ ဦး၊ ပျက်ကွက် ၁၁၇ ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း ၉၁ ဒသမ ၃၅ ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)