မိုင်းဖြတ် ဧပြီ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ရူပဗေဒ ဘာသာရပ်ကို ဧပြီ ၅ ရက် နံနက်ပိုင်းက အထက(မိုင်းဖြတ်) စာစစ်ဌာန၌ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းစွာ ဆက်လက်ဖြေဆိုခဲ့သည်။
မိုင်းဖြတ်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ် ဖြေဆိုသူ ကျောင်းသား ၇၂ ဦး၊ ကျောင်းသူ ၁၁၁ ဦး စုစုပေါင်း ၁၈၃ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး