ဘားအံ   ဧပြီ   ၆

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီး များ၊ တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ သံဃာတော်အရှင်သူမြတ်များအား ဘွဲ့တံဆိပ်တော် များ ဆက်ကပ်လှူဒါန်းကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် အဖွဲ့ဝင်များသည် ဘားအံ မြို့နယ်  ကျုံဖဲကျေးရွာ  ကျုံဖဲပရိယတ္တိကမ်းနားကျောင်း ဆရာတော် ဘဒ္ဒန္တစန္ဒိမာအား ဘွဲ့တံဆိပ်တော် ဆက် ကပ်လှူဒါန်းပွဲသို့ တက်ရောက်ကြပြီး ကျုံဖဲပရိယတ္တိ ကမ်းနားကျောင်း ဆရာတော်ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြကာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က သာသနာရေး ဆိုင်ရာများ လျှောက်ထားတင်ပြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇ ဘွဲ့တံဆိပ်တော်ရ ကျုံဖဲပရိယတ္တိကမ်းနားကျောင်း ဆရာတော် ဘဒ္ဒန္တစန္ဒိမာအား ဘွဲ့တံဆိပ်တော်၊ အဆောင်အယောင်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်    ဇနီးဒေါ်ကြူကြူလှ၊ သားသမီးမြေးတစ်စုက လှူဒါန်းသည့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက  လှူဖွယ်ဝတ္ထုပစ္စည်း များနှင့် နဝကမ္မ အလှူတော်ငွေများ ဆက်ကပ် လှူဒါန်းသည်။

 

င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်အပေါင်းတို့က   ကျုံဖဲပရိယတ္တိကမ်းနား ကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေး ဝေကြသည်။

 

မွန်းလွဲပိုင်းတွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ် တော်နှင့် အဂ္ဂမဟာသဒ္ဓမ္မ  ဇောတိကဓဇ ဘွဲ့တံဆိပ် တော်ရ ဆရာတော်နှစ်ပါးအား ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းသည့် အခမ်းအနားကို ဘားအံမြို့ မိုးကယ်ကျောင်းတိုက်၌ ကျင်းပရာ ဦးစွာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ကမ်းနီကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိဇာရထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ် တော်ရ မိုးကယ်ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တ တေဇိန္ဒနှင့် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဝိစာရတို့အား ဘွဲ့တံဆိပ်တော်များနှင့် အဆောင်အယောင်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ သားသမီး မြေးတစ်စုက လှူဒါန်းသည့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် ကမ်းနီကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာ တရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေကြသည်။

 

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်၊  ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် ဘားအံမြို့ ဇွဲကပင်တောင်နှင့် ကြာအင်းတောင်ကြားကို ဖြတ်၍ သံလွင်တံတားသုံးမြှောင့်လမ်းဆုံမှ လှာကဒေါင်ကျေးရွာသို့ ဖောက်လုပ် ထားသော ဘားအံမြို့ရှောင်လမ်းအား သွားရောက် ကြည့်ရှုစစ်ဆေးရာ ကရင်ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ညိုနှင့် တာဝန်ရှိသူများက လမ်းဖောက်လုပ်နေ မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်က လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် ဘားအံမြို့ ဘားမဲတောင်သဘာဝ အပန်းဖြေဥယျာဉ်သို့ ရောက်ရှိပြီး ကိုဗစ်အလွန်ကာလ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝ ဥယျာဉ် ဆောင်ရွက်ထားမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူနှင့် တာဝန်ရှိသူများက သဘာဝဥယျာဉ်နှင့် ပတ်သက်၍ လိုက်လံရှင်းလင်း တင်ပြကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က လိုအပ်သည်များ မှာကြားသည်။

 

ယင်းနောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ပြည်နယ်ဝန်ကြီး ချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များသည် ဘားအံ မြို့  ဇွဲကပင်ပန်းခြံသို့ ရောက်ရှိပြီး အများပြည်သူစိတ် အေးချမ်းသာစွာ အနားယူအပန်းဖြေနိုင်ရေး ဇွဲကပင် ပန်းခြံအဆင့်မြှင့်တင် ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

သတင်းစဉ်