လားရှိုး  ဧပြီ   ၆

 

ပြည်ထောင်စု      ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့်     ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ ဌာနဆိုင်ရာများ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ပြည်နယ်ဒုတိယ အထွေထွေအုပ်ချုပ်ရေး  ဦးစီးဌာနရုံးခန်းမ၌  ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး က  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်အရ အရေးပေါ်ကာလ ဆောင်ရွက်ရန်လုပ်ငန်းများ ပြီးဆုံးပါက ရွေးကောက်ပွဲ ပြုလုပ်ပြီး အနိုင်ရပါတီသို့    လွှဲပြောင်းပေးမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊     ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့က ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ  ဆောင်ရွက်ရာ၌ သတ်မှတ်အချိန်ကာလအတွင်း ပြီးမြောက်အောင်   ဆောင်ရွက်ရာတွင် လူဦးရေစာရင်း၊ မဲစာရင်းများမှန်ကန်စေရေးတို့ကို သက်ဆိုင်ရာဌာနများက  ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း   မှာကြားသည်။ 

 

ထို့နောက်     အခမ်းအနားသို့ တက်ရောက်လာကြသည့်  ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လားရှိုးခရိုင်၊ မူဆယ် ခရိုင်၊ ကျောက်မဲခရိုင်  ရွေးကောက်ပွဲ အရာရှိများ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲအရာရှိများက လုပ်ငန်းဆောင်ရွက်နေမှုများကို တင်ပြကြပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

သတင်းစဉ်