နေပြည်တော် ဧပြီ ၆
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ယနေ့မွန်းလွဲ ၃ နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ ဗီနေးကူးမားကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သံအမတ် ကြီးအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော အိန္ဒိယနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန် ပေးခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးမြှင့်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေး ကိစ္စများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြပြီး ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို ပြန်လည်နေရာချထား ရေးအတွက် လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပံ့ပိုးရေးဆိုင်ရာ ကိစ္စရပ်များ ကိုလည်း ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်