နေပြည်တော် ဧပြီ ၆
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ ဗီနေးကူးမား ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နှစ်နိုင်ငံ ကိုဗစ်-၁၉ ရောဂါကဲ့သို့ ကူးစက်မြန်ရောဂါများ စောင့်ကြပ် ကြည့်ရှုရေး ပူးပေါင်းဆောင်ရွက်မည့်ကိစ္စ၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အသည်းအစားထိုး ခွဲစိတ်ခြင်းများကဲ့သို့သော အဆင့်မြင့်ဆေးပညာပိုင်းဆိုင်ရာ သင်တန်းများ သင်ကြားနိုင်ရေး ပူးပေါင်းဆောင်ရွက် မည့်ကိစ္စ၊ ဆေးပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ ကျန်းမာရေးစနစ် ပိုမိုတိုးတက်ကောင်းမွန်စေရေး ပူးပေါင်း ဆောင်ရွက်နိုင်မည့်ကိစ္စ၊ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုဖြင့် ကမ္ဘာ့ကူးစက်ရောဂါများ ကာကွယ်တားဆီး နှိမ်နင်းရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက် နိုင်မည့်ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်