တနင်္သာရီ ဧပြီ ၇
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ သတ္တမမြောက်နေ့အဖြစ် အ.ထ.က တနင်္သာရီနှင့် အ.ထ.က ညောင်ပင်ကွင်း စာစစ်ဌာန (၂)ခုအတွင်း အတွဲ(၂) ပထဝီဝင်ဘာသာအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ယနေ့ ဧပြီ ၇ ရက်တွင် အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။
တနင်္သာရီမြို့နယ် အ.ထ.က တနင်္သာရီနှင့် အ.ထ.က ညောင်ပင်ကွင်း စာစစ်ဌာန(၂)ခုတွင် ယနေ့ ပထဝီဝင်ဘာသာ၌ ဖြေဆိုရန် (၂၂)ဦး စာရင်းရှိသည့်အနက် (၁၇)ဦး လာရောက်ဖြေဆိုသဖြင့် ဖြေဆိုမှုရာနှုန်းမှာ ၇၇ ဒသမ ၂၇ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ရဲခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ ကျောင်းအကျိုးဆောင် အဖွဲ့ဝင်များနှင့် ကျောင်းကော်မတီအဖွဲ့များက စာစစ်ဌာနအလိုက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
သတင်း-နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)