ကန့်ဘလူ ဧပြီ ၇

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်ကို မြို့နယ်အတွင်းရှိ စာစစ်ဌာန (၅)ခုတွင် သတ္တမနေ့အဖြစ် ကျောင်းသား ၁၁၁ ဦး၊ ကျောင်းသူ ၁၀၇ ဦး စုစုပေါင်း ၂၁၈ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

 

ကန့်ဘလူမြို့နယ်အတွင်းရှိ စာစစ်ဌာန (၅)ခုတွင် ဖြေဆိုသည့် ကျောင်းသား ကျောင်းသူ ၂၁၈ ဦးရှိကာ ပျက်ကွက် ၄၃ ဦးရှိသဖြင့် ဖြေဆိုမှု ၈၃ ဒသမ ၅၂ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာပူးပေါင်းအဖွဲ့များက ကျောင်းအတွင်း/အပြင် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)