မိုင်းယောင်း  ဧပြီ 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ သတ္တမနေ့ကို ယနေ့ နံနက် ၉ နာရီတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုကြောင်း သိရသည်။

 

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(မိုင်းယောင်း) စာစစ်ဌာနတစ်ခုတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိပြီး ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား ၂၆ ဦး၊ ကျောင်းသူ ၁၇ ဦး စုစုပေါင်း ၄၃ ဦး ဝင်ရောက်ဖြေဆိုရာ ဖြေဆိုမှုရာခိုင်နှုန်းအားဖြင့် ၈၇ ဒသမ ၇၆ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသားကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်ပြီး ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များတို့က ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း