အိမ်မဲ ဧပြီ ၇

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပထဝီဝင်ဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက စာစစ်ဌာန ၉ ခုဖြစ်သော အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က ရွာသစ်၊ အ.ထ.က ကြို့ကုန်း၊ အ.ထ.က တကူဆိပ်၊ အ.ထ.က ဝါးတလုတ်ကမ်းနီ၊ အ.ထ.က လူကောင်းကျွန်း၊ အ.ထ.က ကျုံတလုတ်၊ အ.ထ.က ဘုရားကြီးကုန်း စသည့် စာစစ်ဌာန ၉ ခုတို့တွင် စုစုပေါင်း ကျောင်းသား ကျောင်းသူ ၈၈၈ ဦး အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

 

အိမ်မဲမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမှုအတွက် စာစစ်ဌာနအလိုက် အတွဲ-၂ ဘာသာရပ်ဖြေဆိုမှုစာရင်းရှိ ၉၅၂ ဦးရှိသော်လည်း ၆၄ ဦး ဖြေဆိုမှုပျက်ကွက်ခဲ့ပြီး ၈၈၈ ဦးသာ ဖြေဆိုသည့်အတွက် ဖြေဆိုမှု ၉၃ ဒသမ ၂၈ ရာခိုင်နှုန်းရှိကြောင်းနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် တာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ချစ်သက်လယ် (အိမ်မဲ)