ဇမ္ဗူသီရိ ဧပြီ ၇
၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထဝီဝင်ဘာသာရပ်ကို ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ယနေ့နံနက် ၉ နာရီက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ဆက်လက်ဖြေဆိုကြသည်။
ဇမ္ဗူသီရိမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန (၆) ခုဖြင့် ဖြေဆိုလျက်ရှိပြီး ယနေ့ဖြေဆိုသည့် ပထဝီဝင်ဘာသာရပ်ကို ဖြေဆိုစာရင်းပေးသူ (၁၆၂) ဦးမှ ကျောင်းတွင်းနှင့်အပြင် ဖြေ (၁၃၇) ဦး၊ ပျက်ကွက် (၂၅) ဦးရှိခဲ့ပြီး ဖြေဆိုသူ ရာခိုင်နှုန်း ၈၄ ဒသမ ၅၇ ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးကိစ္စရပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)