ကသာ ဧပြီ ၁၀
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ၆ လအတွင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နယ်စပ်ဒေသဖွံ့ဖြိုးရေးကဏ္ဍ လမ်းပန်း ဆက်သွယ်မှုကောင်းမွန်စေရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်နှင့် ကောလင်းခရိုင်တို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၁၃ ခုအား ခွင့်ပြုရန်ပုံငွေကျပ် ၇၁၉ ဒဿမ ၁၉၀ သန်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအနက် တိုင်းဒေသကြီး နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၁၂၄ ဒဿမ ၅၈၀ သန်းဖြင့် ဆောင်ရွက်လျက်ရှိသော ကသာမြို့၊ အမှတ် ၉ ရပ်ကွက်၊ ရုံးပေါင်းစုံလမ်း ၀/၄ မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းသည် စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးရေး ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ အနီးကပ်ကြီးကြပ်၍ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်း ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကာ ဒေသခံပြည်သူများအနေဖြင့် အဆင်ပြေစွာ သွားလာနေပြီဖြစ်ကြောင်း ကသာခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။
ခရိုင်(ပြန်/ဆက်)