ညောင်ဦး ဧပြီ ၁၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးခရီးသွားပြည်သူများ ပုဂံမြို့၊ ညောင်ဦးမြို့တို့တွင် ဖွင့်လှစ်ထားရှိသည့် ဟိုတယ်၊ မိုတယ်များတွင် တည်းခိုနိုင်ရန် ကြိုတင်ချိတ်ဆက်ထားမှု ၈၀ ရာခိုင်နှုန်းကျော်ရှိနေကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) တာဝန်ရှိသူထံမှ သိရသည်။
ညောင်ဦးမြို့နယ်တွင် ခရီးသွားဘုရားဖူးပြည်သူများ အလွယ်တကူသွားရောက် ဖူးမြှော်နိုင်ရန် ပြန်ကြားရေးကောင်တာသုံးခုဖွင့်လှစ်ထားရှိပြီး သွားရောက်လိုသည့်ခရီးစဉ်နေရာဒေသများအား ပြန်ကြားရေးကောင်းတာများတွင် စုံစမ်းနိုင်ပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ) မှဝန်ထမ်းများက ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။ ပုဂံမြို့၊ ညောင်ဦးမြို့တို့တွင် ပြန်လည် ဖွင့်လှစ်ထားသည့်ဟိုတယ်၊ မိုတယ် ၆၃ လုံးကို ဧပြီ ၁၂ ရက်မှ ဧပြီ ၁၇ ရက်ထိ အားလုံးပြည့်သွားပြီဖြစ် ကြောင်း၊ ဧပြီ ၈ ရက်နေ့မှစတင်ပြီး ပုဂံရှေးဟောင်းယဉ်ကျေး မှုနယ်မြေသို့ ပြည်တွင်းခရီးသွားဘုရားဖူး များလာရောက်မှုများပြားလာကာ သင်္ကြန်အကြိုကာလများမှာ ခရီးသွားများအလွန်များပြားခြင်း ကြောင့် ဒေသခံဈေးရောင်း၊ ဈေးဝယ်များ၊ အီးဗိုက်၊ မီနီအိုဝေ၊ မြင်းလှည်း၊ စက်လှေ၊ ကားအငှား လိုက်သူများ အဆင်ပြေလျက်ရှိနေကြောင်း မြင်းလှည်းအငှားလိုက်သူ ဦးရွှေမောင်က ရှင်းပြသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လေ့လာရင်း၊ ဘုရားဖူးလာရောက်ကြသည့် ပြည်တွင်း၊ ပြည်ပဘုရားဖူးများအဆင်ပြေစေရန် ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့်ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွွဲမှ ဖွင့်လှစ်ထားရှိသည့်သတင်းပြန်ကြား ရေးကောင်တာသုံးခုနှင့်မြန်မာနိုင်ငံတွင် ပထမဆုံးဖွင်လှစ်ပြသသည့် Visiting Myanmar Virtual Reality Tour စင်တာများတွင်လည်း လာရောက်စုံစမ်းမေးမြန်းသူများပြားလာကြောင်း၊ ဟိုတယ်၊ မိုတယ်များတွင် တည်းခိုနေထိုင်ကြဖို့ ကြိုတင်ချိတ်ဆက်ထားမှု ၈၀ ရာခိုင်နှုန်းကျော် ရှိနေပြီဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန(ပုဂံရုံးခွဲ)မှ သိရသည်။
မောင်မောင်ထိန်၊ ကျောက်ပန်းတောင်း