ပိုင်ကျုံ   ဧပြီ   ၁၁

 

နိုင်ငံအတွင်းရှိ လူငယ်လူရွယ်များ အဆင်ပြေစွာပညာသင်ကြားနိုင်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းများ တည်ဆောက်လျက်ရှိရာ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစို့ကျေးရွာအုပ်စု၊  ဝင်းကမော့ကျေးရွာ၊ အ.လ.က (ခွဲ)ဝင်းကမော့ကျောင်းတွင် Steel Structure ဖြင့်(ပေ ၁၂၀× ပေ ၃၀)ရှိ (၁)ထပ်ကျောင်းဆောင်သစ်တစ်လုံး တည်ဆောက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါကျောင်းသည် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာန၏  ခွင့်ပြုရန်ပုံငွေကျပ် (၇၈၄)သိန်းကျော်ဖြင့် Marvel Koast ကုမ္ပဏီမှ (၇၁)ရာခိုင်နှုန်းအထိဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးရေးအတွက် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလတွင် တည်ဆောက်ခြင်းလုပ်ငန်းများ ပြန်လည် စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၀ ရက်အထိ (၉၇)ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။  

 

ကျောင်းဆောင်သစ်တည်ဆောက်ခြင်း လုပ်ငန်းများပြီးစီးပါက ၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် ဝင်းကမော့ကျေး ရွာနှင့်နီးစပ်သည့်   ကျေးရွာများရှိ   လူငယ်လူရွယ်များအနေဖြင့်    အဆင်ပြေစွာ    ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

နော်ခူး(ပြန်/ဆက်)