ကျောင်းကုန်း ဧပြီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရွှေမြနန္ဒာ မြို့ဦးမဟာစည်သာသနာ့ရိပ်သာအတွင်း၌ ဧပြီ ၁၁ ရက် နံနက်မှစ၍ (၇)ရက် သင်္ကြန်တရားစခန်းပွဲ ကျင်းပလျက်ရှိသည်။
မဟာသတိပဌာန်ဝိပဿနာ သင်္ကြန်တရားစခန်းပွဲကို ဆဋ္ဌသင်္ဂီတိပုစ္ဆက အဂ္ဂမဟာပဏ္ဍိတ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အနန္တကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ကြီး၏ ဥပနိသျအတိုင်း တန်ခူးလဆန်း(၁၁)ရက်မှ တန်ခူးလပြည့်ကျော်(၂)ရက်အထိ (၇)ရက်တိုင်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်္ကြန်တရားစခန်းပွဲ၌ သံဃာတော်အပါး (၂၀)၊ သီလရှင်(၄)ပါး၊ အမျိုးသားယောဂီ(၅)ဦးနှင့် အမျိုးသမီးယောဂီ(၃၀)၊ စုစုပေါင်း(၅၉)ဦး တရားစခန်းဝင်ရောက်၍ မဟာစည်ဆရာတော်ကြီး၏ ဝိပဿနာရှုနည်းနှင့် သတိပဌာန်ရှုမှတ်ပွားများပုံတို့ကို ရှုမှတ်၍ ဘဝ၏ငြိမ်းအေးရာကို ရှာဖွေနေကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)