ကံမ ဧပြီ ၁၁

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး   ထိုးနှံပြီးစီးမှု ကတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်၍ ခရီးသွားလာကြရန် အသိပညာပေး စစ်ဆေးခြင်းကို   မြို့အဝင် စစ်ဆေးရေးဂိတ်နေရာများတွင် နေ့စဉ် ဆောင်ရွက်လျက် ရှိသည်။

 

ထိုသို့စစ်ဆေးရာတွင် ခရီးသွားပြည်သူများအနေဖြင့် မော်တော်ဆိုင်ကယ်များ၊ မော်တော်ယာဉ်များဖြင့် ခရီးသွားလာရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှု ရှိ/မရှိ မေးမြန်းခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှုကတ်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား မိမိနှင့်အတူ ကိုင်ဆောင်၍ ခရီးသွားလာကြရန် အသိပညာပေးခြင်းတို့အား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကျော်ဇေယျဝင်း(ကံမ)