မြစ်ကြီးနား ဧပြီ ၁၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် တပ်ကုန်းရပ်ကွက် အင်ဂျန်ဒုံမြောက်တွင် ဧပြီ ၈ ရက်က လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်မှုကြောင့် ထိခိုက်ခံစားရသည့် အိမ်ထောင်စု(၁)စုအတွက် ဧပြီ ၁၁ ရက် နံနက် ၈နာရီက အဆိုပါ မိသားစုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့သော မိသားစုသုံးပစ္စည်း (Family kit) (၁)ပုံး၊ တကိုယ် ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)ပုံး၊ နေအိမ်ပြန်လည်ဆောက်လုပ်ရေးအတွက် အထောက်အကူပြု ပစ္စည်းများစုံနှင့် အမျိုးသမီး တစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်း(၁)စုံတို့ကို မြစ်ကြီးနားမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ မြို့နယ်တပ်ဖွဲမှူး ဦးတန်ရှန်နှင့် တပ်ဖွဲ၀င်များက သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဧပြီ ၈ ရက် ညနေပိုင်းတွင် နေအိမ်ရှိ တီဗွီ မီးအားထိန်းစက် (Safe guard)အပူလွန်ကဲရာမှ အနီးရှိ အိမ်ထရံသို့ မီးကူးဆက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် နေအိမ် ၂ လုံးနှင့် Honda Fit ကားတစ်စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
စိန်ဝင်း(ပြန်/ဆက်)