မုဒုံ     ဧပြီ    ၁၂

 

မွန်​ပြည်နယ်၊ မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာတွင်  လယ်ယာကုန်ထုတ်လမ်းနှင့် တံတားသုံးစင်းကို မုဒုံမြို့နယ် ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁ -၂၀၂၂ ခု ခြောက်လဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ လယ်ယာကုန်ထုတ်လမ်းနှင့် တံတားသုံးစင်းကို ၂၀၂၁ -၂၀၂၂ ခုခြောက်လ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ရန်ပုံငွေကျပ် ၁၀၉ သန်းဖြင့် လယ်ယာကုန်ထုတ် လမ်းနှင့် ယင်းကုန်ထုတ်လမ်းပေါ်ရှိ Box Culvert တံတားသုံးစင်းကို UZN ကုမ္ပဏီက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တာဝန်ယူ တည်ဆောက်ခဲ့ကြောင်း၊ ယခုအခါ တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများအတွက် များစွာအကျိုးပြုမည်ဖြစ်ကြောင်း မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

မုဒုံမြို့နယ်  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်  ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူများ၏ ဒေသထွက် ကုန်ပစ္စည်းများ စျေးကွက်သို့ လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် ကျေးလက် ကုန်ထုတ်လမ်းနှင့် တံတားများကိုဖောက်လုပ် တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)