မြစ်ကြီးနား  ဧပြီ  ၁၂

           

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၁၃၈၃ ခုနှစ် (ခရစ်နှစ် ၂၀၂၂)ခုနှစ် မြန်မာ့ရိုးရာအစဉ်အလာ မပျက် ကျင်းပမြဲဖြစ်သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဗဟိုမဏ္ဍပ်၌ ဧပြီ ၁၂ ရက် နံနက်ပိုင်းတွင် ဖွင့်ပွဲကျင်းပနိုင်ရေး ဇာတ်တိုက် လေ့ကျင့်လျက်ရှိသည်။

           

မြစ်ကြီးနားမြို့တွင် မဟာသင်္ကြန်ပွဲတော် စည်ကားစွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကချင် ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ရုံးကြီးလမ်းနှင့် အား/ကာတိုက်တန်းလမ်းထောင့် မြို့တော်ခန်းမ ရှေ့၌ ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ် ဆောက်လုပ်ထားရှိပြီး ဧပြီ ၁၃ ရက် (သင်္ကြန်အကြိုနေ့)တွင် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်နိုင်ရေး စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများက ယိမ်းအက အဖွဲ့များဖြင့် ဇာတ်တိုက်လေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။

           

အလားတူ မင်းရပ်ရပ်ကွက် ပြည်သူ့ရင်ပြင်အတွင်းနှင့် ဧရာဦးပန်းခြံအထိ ကမ်းနားလမ်းတစ် လျှောက် အများပြည်သူ ပျော်ရွှင်စွာ ရေကစားနိုင်ရေး လမ်းလျှောက်သင်္ကြန်ပွဲတော်ကိုလည်း ဧပြီ ၁၃ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

           

ထို့အပြင် သင်္ကြန်အကျနေ့ ညနေပိုင်းမှ စတင်၍ ဌာနဆိုင်ရာနှင့် မြို့ပေါ်ရပ်ကွက်ယိမ်းအဖွဲ့ ၁၀ ဖွဲ့တို့က ကိုယ်ပိုင်သံစဉ်/စာသားအကပြိုင်ပွဲ၊ စီဒီသီချင်းဖြင့် အကပြိုင်ပွဲများ ကျင်းပပြုသွားမည်ဖြစ်ပြီး ဧပြီ ၁၆(သင်္ကြန်အတက်နေ့)တွင် ဗဟိုမဏ္ဍပ်ပိတ်ပွဲ အခမ်းအနားတွင် ဆုရအသင်းများကို ထိုက်တန် စွာဆုချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲဝင်အသင်းအားလုံးအား ချီးမြှင့်နိုင်ရေး စီမံဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

ပြည်နယ်ပြန်/ဆက်