ရန်ကုန် ဧပြီ ၁၃
ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်း ပေါ်ဌာနခွဲ) ကြီးကြပ်မှုအောက်ရှိ ရန်ကုန် (ပန်းဆိုး တန်း-ဒလ)သို့ ပြေးဆွဲနေသည့် ချယ်ရီသင်္ဘောသည် သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ပြည်သူများ စိတ်အေးချမ်းသာစွာ သွားရေးလာရေး အဆင်ပြေ ချောမွေ့လွယ်ကူစေရန်အတွက် သင်္ဘောခေါက်ရေ ပြောင်းလဲ ပြေးဆွဲသွားမည်ဖြစ်သည်။
သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း သင်္ဘော ခရီးစဉ်ကို အသွားခေါက်ရေ ၂၀၊ အပြန်ခေါက်ရေ ၂၀ နှုန်းဖြင့် ဒလဆိပ်ကမ်းမှ စတင်ထွက်ခွာချိန် နံနက် ၆ နာရီမှ ည ၇ နာရီအထိလည်းကောင်း၊ ပန်းဆိုးတန်း ဆိပ်ကမ်းမှ နံနက် ၆ နာရီခွဲမှ ည ၇နာရီခွဲအထိ လည်းကောင်း သင်္ဘောခရီးစဉ်များကို ပြောင်းလဲ သတ်မှတ်၍ ပြေးဆွဲပေးမည်ဖြစ်သည်။
သင်္ကြန် ရုံးပိတ်ရက်ကာလအတွင်း သင်္ဘောစီးခမှာ ယခင်အတိုင်း တစ်ဦးလျှင် ကျပ် ၁၀၀ ဖြင့် ဈေးနှုန်း မတက်ဘဲ ပို့ဆောင်ပေးနေခြင်း၊ ပြည်သူများ သွားလာရာတွင် ဘေးကင်းလုံခြုံမှုရှိခြင်း၊ စိတ်အေးချမ်းသာစွာ သွားလာရေး မြန်ဆန်လွယ်ကူချောမွေ့မှု ရှိခြင်းတို့ကြောင့် ပြည်သူများသည် သင်္ဘောခရီးစဉ်ကိုသာ အဓိကထား၍ သွားလာနေရကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)