မနီလာ ဧပြီ ၁၂

 

ဖိလစ်ပိုင်နိုင်ငံ၌ ယခုသီတင်းပတ်အတွင်း အပူပိုင်းမုန်တိုင်းမီဂီဝင်ရောက် တိုက်ခတ်မှုကြောင့် လက်ရှိအချိန်အထိ ၄၂ ဦးသေဆုံးပြီး လူအများအပြား ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူများက ယနေ့ပြောကြားသည်။

 

အဆိုပါ မုန်တိုင်းတိုက်ခတ်မှုကြောင့် နိုင်ငံတောင်ပိုင်းတွင် သုံးဦးသေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ သဘာဝဘေး အန္တရာယ် လျှော့ချရေးဆိုင်ရာ စီမံခန့်ခွဲ ရေးကောင်စီက ပြောကြားသည်။

 

ထို့ပြင် နိုင်ငံအလယ်ပိုင်းလက်တီပြည်နယ် ဘေဘေးမြို့၌ မြေပြိုမှု ဖြစ်ပွားရာမှ သေဆုံးခဲ့သော ရုပ်အလောင်း ၂၁ လောင်းအား ကယ်ဆယ်ရေးလုပ်သားများက တူးဖော်ရရှိခဲ့ကြောင်းနှင့် ယင်းမြေပြိုမှုအတွင်း အသက်ရှင်ကျန်ရစ်သူ များကိုလည်း ဆေးရုံတွင်လိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ မုန်တိုင်းဝင်ရောက် တိုက်ခတ်မှုနှင့်အတူ ဒေသအများအပြားတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သဖြင့် နိုင်ငံသား ၁၃၀၀၀ ကျော်မှာ ခိုလှုံရေး စင်တာများသို့ သွားရောက်ခိုလှုံခဲ့ရကြောင်း သိရသည်။

 

ယခု ဝင်ရောက်တိုက်ခတ်သော အပူပိုင်းမုန်တိုင်းမီဂီသည် ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ်အတွင်း ပထမဆုံးဝင်ရောက် တိုက်ခတ်သည့် အပူပိုင်းမုန်တိုင်း ဖြစ်သည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- စိုးသူရ