သန်လျင် ဧပြီ ၁၃ 

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေကစားမဏ္ဍပ် ဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီတွင် သန်လျင်မြို့၊ ကျိုက်ခေါက်ဘုရားလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးရှေ့ရှိ ရေကစားမဏ္ဍပ်၌ ကျင်းပသည်။

သန်လျင်မြို့နယ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေကစားမဏ္ဍပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးတင့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ကျော်စိုး၊ မြို့မိမြို့ဖ ဦးမြင့်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဧည့်သည်တော်များအား မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ သပြေခက်ဖြင့် ရေပက်ဖျန်းပေးကာ မန်းတောင်ရိပ်ခို သီချင်းသီဆို၍ ရေကစားမဏ္ဍပ်အား ဖွင့်လှစ်ပေးသည်။

သန်လျင်မြို့နယ်၏ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေကစားမဏ္ဍပ်အား ယနေ့သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ပျော်ရွှင်စွာရေကစားခြင်း၊ စတုဒိသာကျွေးခြင်းများဖြင့် စည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)