ဒလ ဧပြီ ၁၃

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် ဗဟိုရေကစားမဏ္ဍပ်ကို မြန်မာသက္ကရာစ် ၁၃၈၃ ခုနစ်၊ တန်ခူးလဆန်း ၁၃ ရက် (ဧပြီ ၁၃ ရက်) ယနေ့ နံနက် ၈ နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစည်သူကျော်မှ နှုတ်ခွန်းဆက်စကား ပြောကြားပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။   

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ဌာနဆိုင်ရာတာဝန်ရှိသူများက နံ့သာရေများဖြင့်ပက်ဖျန်းပြီး ယိမ်းအဖွဲ့များက မန်းတောင်ရိပ်ခို သီချင်းဖြင့် ကပြဖျော်ဖြေကာ စတုဒိသာများဖြင့်လည်း ဧည့်ခံကျွေးမွေးခဲ့ကြသည်။

မဟာသင်္ကြန်မဏ္ဍပ်တွင် သင်္ကြန်အကြိုနေ့မှ သင်္ကြန်အတက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဒလ(ပြန်/ဆက်)