ရန်ကုန်၊ ဧပြီ ၁၃

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန်၏ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အဆိုပါ ကျောင်းဝင်းအတွင်း၌ ယနေ့ညနေပိုင်းတွင် ကျင်းပသည်။ ယင်းသို့ကျင်းပရာတွင် ဝန်ထမ်းနှင့်မိသားစုဝင်များ၏ သင်္ကြန်ယိမ်းအက၊ အလှများဖြင့် သီဆိုကပြ ဖျော်ဖြေကြပြီး ပျော်ရွှင်စွာ ရေပက်ဖျန်းကစားကြသည်။

သင်္ကြန်ကာလအတွင်း နေ့စဉ်ယိမ်းအက၊ အလှများဖြင့် သီဆိုဖျော်ဖြေခြင်း၊ စတုဒိသာကျွေး မွေးဧည့်ခံခြင်း၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အန္တရာယ်ကင်းပရိတ် တရားတော် နာယူခြင်း၊ သက်ကြီးဘိုးဘွားများကို ပူဇော်ကန်တော့ခြင်း၊ အဘိုးအဘွားများကို ခြေသည်း၊ လက်သည်းညှပ်ပေးခြင်း၊ ခေါင်းလျှော် ရေချိုးပေးခြင်းစသည့် ကုသိုလ် ကောင်းမှုများကို ပြုလုပ်သွားမည် ဖြစ်သည်။

ယနေ့ ဖွင့်ပွဲအခမ်းအနားသို့ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ မိသားစုဝင်များ တက်ရောက်ကြောင်း သိရသည်။

သတင်းစဉ်

 

mdn