ရန်ကုန် ဧပြီ ၁၃
၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်း သင်တန်းကျောင်းခန်းမ၌ ကျင်းပဖွင့်လှစ်ရာ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ တာဝန်ရှိသူများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ဝန်ထမ်းများ၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး (သူနာပြုအလုပ်သင်) သင်တန်းအမှတ်စဉ် (၁) သင်တန်းသူများမှ သင်္ကြန်ယိမ်း အကအလှများဖြင့် ကပြဖျော်ဖြေခြင်း၊ ဆုများချီးမြင့်ခြင်း၊ စတုဒီသာများ ကျွေးမွေးခြင်းနှင့် ကျောင်းအတွင်းရှိ ရေကစားမဏ္ဍပ်၌ ပျော်ရွှင်စွာ ရေပက်ကစားခြင်းတို့ကို ဆောင်ရွက်ကြသည်။
အဆိုပါ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်မှ ဧပြီ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်ရာ ဝန်ထမ်းများ၊ သင်တန်းသူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
