နေပြည်တော် ဧပြီ ၁၄

 

ဆောက်လုပ်ရေးဝန်ကြီးဌာန မြန်မာ့ရိုးရာ အတာသင်္ကြန် ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာနရုံး ပရဝုဏ်အတွင်း၌ ကျင်းပဆောင်ရွက်သည်။

 

အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ဒုတိယဝန်ကြီး ဦးမင်းထိန်၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာဦးစီးဌာနများမှ အရာထမ်း/ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြသည် ။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယဝန်ကြီးတို့က ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဦးစီးဌာနများမှ ယိမ်းအကအလှ အဖွဲ့များ၏ ကပြဖျော်ဖြေ တင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ပြီး ယိမ်းအက အလှအဖွဲ့များနှင့် တက်ရောက်လာသည့် အရာထမ်း/အမှုထမ်းများကို အမွှေးနံ့သာရေဖြင့် ပက်ဖြန်း၍ မြန်မာ့ရိုးရာ အတာသင်္ကြန်အား ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲသည် ။

 

mdn

 

ထို့နောက် ဝန်ကြီးဌာနရှိ စုဝေးခန်းမကြီးတွင် ဦးစီးဌာနများမှ ယိမ်းအကအလှအဖွဲ့များ၏ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေး၍ အခမ်းအနားသို့ တက်ရောက်လာသည့် ဝန်ထမ်းများနှင့် မိသားစုဝင်များအား စတုဒိသာ အစားအစာများဖြင့် ဧည့်ခံ ကျွေးမွေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်