ပဲခူး ဧပြီ ၁၄

           

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၌ ၁၃၈၃ ခုနှစ် ဧပြီ (၁၄) ရက် မဟာသင်္ကြန်အကျနေ့တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်းသိရသည်။

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများသည်  မဟာသင်္ကြန်အကျနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ရှေ့ ဆေးရုံဟောင်း လမ်းပေါ်ရှိ တိုင်းအဆင့်ဌာနဆိုင်ရာ စတုဒီသာနှင့် ရေကစား မဏ္ဍပ် (၁၆) ခုရှိ လမ်းလျှောက်သင်္ကြန်၌ အများပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့မှနေ့စဉ် ကျွေးမွေး လှူဒါန်းလျက်ရှိသည့် စတုဒီသာမဏ္ဍပ်၌ စတုဒီသာ လာရောက်သုံးဆောင်နေကြသည့် ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးသည်။

         

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ပဲခူးမြို့အတွင်း ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်နှင့် အများပြည်သူ မဏ္ဍပ်များဖြင့် နေ့စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး စတုဒီသာ မဏ္ဍပ်များ၌လည်း နေ့စဉ်ကျွေးမွေး လှူဒါန်းလျက်ရှိရာ အများပြည်သူ လုံခြုံချမ်းမြေ့ စိတ်အေးချမ်းသာ အတာရေသဘင်ပွဲ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

         

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဗဟိုမဏ္ဍပ်၌ မဟာသင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ နိုင်ငံကျော် အနုပညာရှင်/ အဆိုတော်များဖြစ်ကြသည့် မိုးအောင်ရင်၊ ပူစူး၊ အစ္စဏီ၊ ပွင့်နဒီမောင်နှင့် အခြားအနုပညာရှင်အဆိုတော်များဖြင့် စည်ကားသိုက်မြိုက်စွာသီဆို ဖျော်ဖြေပေးလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn