ဂျေရုဆလင် ဧပြီ ၁၄
အစ္စရေးနိုင်ငံသည် နိုင်ငံအတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ခေတ်မီတိုးတက်စေရန် ရည်ရွယ်၍ ကွန်ပျူတာစနစ်ဖြင့် အလိုအလျောက် မောင်းနှင်သည့် မောင်းသူမဲ့ မော်တော်ယာဉ်များအား အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်တွင် တစ်နှစ်ကြာ စမ်းသပ်အသုံးပြုသွားမည်ဖြစ်ကြောင်း အစ္စရေး ပို့ဆောင်ရေးဝန်ကြီး ဌာနက ယမန်နေ့တွင်ပြောကြားသည်။
အဆိုပါမောင်းသူမဲ့ မော်တော်ယာဉ်စနစ် တည်ထောင်ရန် အစ္စရေးနိုင်ငံက အမေရိကန်ဒေါ်လာ ၆ ဒသမ ၂၁ သန်း ရင်းနှီးမြှုပ်နှံသွား မည်ဖြစ်ပြီး အဆိုပါမော်တော် ယာဉ်များကို အသုံးပြုခြင်းဖြင့် လေထုညစ်ညမ်းမှု မဖြစ်စေကြောင်းနှင့် ယာဉ်ကြောပိတ်ဆို့မှု ကို လျှော့ချနိုင်သည့် အားသာချက်များရှိကြောင်း သိရသည်။
အစ္စရေးအစိုးရသည် ယခုအစီအစဉ်အား အကောင်အထည်ဖော်ဆောင်ရွက်ရန် နိုင်ငံအတွင်းရှိ ကုမ္ပဏီပေါင်း ၆၀၀ ခန့်အား ပဏာမရွေးချယ်ထားပြီး အဆိုပါ ကုမ္ပဏီများအနက်မှ သတ်မှတ်ထားသည့် နည်းပညာဆိုင်ရာ သတ်မှတ်ချက် ပြည့်မီသည့် ကုမ္ပဏီအား စိစစ်ရွေးချယ်ပြီး အများပြည်သူဆိုင်ရာ သယ်ယူ ပို့ဆောင်ရေးကဏ္ဍတွင် အဆိုပါ မောင်းသူမဲ့ မော်တော်ယာဉ်ပြေး ဆွဲရန် လုပ်ငန်းလိုင်စင် ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ